နေပြည်တော် မေ ၁၆ 

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီတိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံ၌ အတွင်းလူနာများ ကုသပေးနေမှု အခြေအနေ၊ ဆေးသိုလှောင်ခန်း၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ ခွဲစိတ်ခန်းတို့ကို လှည့်လည်ကြည့်ရှုသည်။ 

 

ချီးမြှင့်ငွေများပေးအပ်

 

ထို့နောက် မြို့လှတိုက်နယ်ဆေးရုံ၊ ဆွာတိုက်နယ်ဆေးရုံ၊ ဆွာကျေးလက်ကျန်းမာရေးဌာန၊ ရေတာရှည် မြို့နယ်ပြည်သူ့ဆေးရုံတို့ရှိ ပြင်ပလူနာဌာန၊ ဓာတ်ခွဲဌာန၊ အတွင်းလူနာဆောင်၊ ကာကွယ်ဆေးသိုလှောင်ခန်း၊ ဆေးသိုလှောင်ခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး တောင်ငူမြို့နယ် ကျွန်းကုန်းကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံအဆင့်မြှင့်တင်ရေးနှင့် ကျေးလက်ဒေသ ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေများ၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကြည့်ရှုကာ ချီးမြှင့်ငွေများ ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် တောင်ငူမြို့ရှိ တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်ခန်း၌ ကာကွယ်ဆေးများ စနစ်တကျသိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်ငူပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း  သိရသည်။

 

သတင်းစဉ်