လွိုင်ကော် မေ ၁၆

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ဒေသကွပ်ကဲရေးမှူးတို့သည် ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့ အခြေခံပညာအထက်တန်းကျောင်း (ချိကယ်)၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နမ့်ကွတ်၊ မြေနီကုန်း အခြေခံပညာမူလတန်းကျောင်း၊ လွယ်တမူ (မြောက်) အခြေခံပညာမူလတန်းကျောင်းနှင့် ပဒါးညေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့တွင် ကျောင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) သို့ သွားရောက်၍ နေပြည်တော်ကောင်စီ နယ်မြေနှင့် ရန်ကုန်မြို့တို့တွင် သင်တန်းဆက်လက်တက်ရောက်ကြမည့် အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁၀) မှ သင်တန်းသား သင်တန်းသူများအား တွေ့ဆုံနှုတ်ဆက်သည်။ 

 

လေ့လာသင်ကြား

 

အဆိုပါသင်တန်းကို လွိုင်ကော်သင်တန်းစခန်းတွင် ရက်သတ္တ သုံးပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်မြို့ သင်တန်းစခန်းများ၌ ရက်သတ္တ နှစ်ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကာ ကယားပြည်နယ်မှ သင်တန်းသား သင်တန်းသူ ၅၅ ဦးနှင့် အုပ်ချုပ်သူ ခြောက်ဦးတို့ သွားရောက်လေ့လာသင်ကြားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)