ရန်ကုန် မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်သမဝါယမအသင်းစုနှင့် ပူးပေါင်း၍ မြို့နယ်သမဝါယမအသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဖွင့်ပွဲကို မေ ၁၃ ရက်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၉)ရပ်ကွက် လူထုဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်အထွေထွေ အုပ်အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုကိုတို့က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးခင်ဇော်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို နည်းပြသုံးဦးဖြင့် မေ ၁၃ ရက်မှ ၁၉ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)


