ဒေးဒရဲ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရေကျော်ကျေးရွာ ပြည်လုံးချမ်းသာ ကမ္ဘာအေးဓမ္မာရုံတော်ကြီး၌ ကျင်းပသည်။
အသိပညာပေး ဟောပြော
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က မူးယစ်ဆေးဝါးအန္တရာယ်များနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပွားလာနိုင်သည့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအား အသိပညာပေး ဟောပြောပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေးဒရဲမြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်မြင့်ခိုင်က မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ကျခံရမည့်ပြစ်ဒဏ်များအား ဟောပြောခဲ့ကြောင်း သိရသည်။
အေဇာလင်း


