မိတ္ထီလာ မေ ၁၇
မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက် ဝမ်းတော်ပြည့်တော်ချဲ့ရပ်ရှိ ဇမ္ဗူညွန့်ဓာတ်မြေဩဇာ သိုလှောင်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိမှုကို စစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အကြံပြုပြောကြားခြင်းများကို ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁ဝ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


