ရန်ကုန် မေ ၁၇

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ(အ‌နောက်ပိုင်း)မြို့နယ်၌ မှုခင်းကျဆင်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အင်းစိန်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဦးဆောင်၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက သမကုန်းမီးပွိုင့် အမှတ်(၅)လမ်းမကြီး မြို့နယ်ခန်းမရှေ့တွင် ဆောင်ရွက်ကြသည်။

 

အင်းစိန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်မြင့်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လမ်းသွားလမ်းလာပြည်သူများအား မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန် /ဆက်)