ပေါင် မေ ၁၇

 

မွန်ပြည်နယ် ပေါင်မြို့နယ်၌ ပြည်သူ့အတွက် ရက်(၁၀၀)စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။

 

ဦးစွာ ဟောပြောပွဲတွင် ပေါင်မြို့မစခန်းမှူး ဒုတိယရဲမှူး ကျော်စိုးသန်းက ရပ်ကွက်ကျေးရွာများအတွင်း မှုခင်းလျော့နည်း ကျဆင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ခိုးမှု၊ လုယက်မှု၊ မုဒိမ်းမှု စသည့် မှုခင်းဆိုင်ရာများနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ရပ်ကွက်နေ ပြည်သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ဝေသော မှုခင်းကြိုတင်ကာကွယ်ခြင်းနှင့် မှုခင်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)