မကွေး မေ ၁၇
မကွေးတက္ကသိုလ်ရှိ ဆရာ ဆရာမများ Google Classroom အသုံးပြု၍ အွန်လိုင်းစနစ်ဖြင့် သင်ကြားရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို မကွေးတက္ကသိုလ် သုတေသနဌာနစင်တာ ခန်းမ၌ မေ ၁၅ ရက် နံနက်ပိုင်းမှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းကို မကွေးတက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ တင်အောင်မြင့်က ဦးဆောင်သင်ကြားပေးမည်ဖြစ်ပြီး ဘာသာရပ်ဌာန ၁၅ ခုမှ ဆရာ ဆရာမ နှစ်ဦးစီ တက်ရောက်သင်ယူကြသည်။ သင်တန်းတွင် Google Classroom အသုံးပြု၍ အွန်လိုင်းအတန်းများ ဖန်တီးခြင်း၊ သင်ခန်းစာများနှင့် Assignment များ ပေးပို့စီမံခြင်း၊ အမှတ်ပေးစနစ်များကို စနစ်တကျဆောင်ရွက်ခြင်းစသည့် ဘာသာရပ်များကို လက်တွေ့အသုံးချနိုင်သည်အထိ ပို့ချပေးသွားမည်ဖြစ်သည်။
သင်တန်းကာလကို မေ ၁၅ ရက်မှ ၁၉ ရက်အထိ ငါးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


