၂၅ မတ်
ထိုင်းစစ်တပ်မှ ၂၀၁၄ ခုနှစ် အာဏာသိမ်းအပြီး ပထမဦးဆုံးကျင်းပတဲ့ ရွေးကောက်ပွဲမှာ ၉၀ ရာခိုင်နှုန်း မဲရေတွက်အပြီးမှာ လက်ရှိအုပ်ချုပ်နေတဲ့ ထိုင်းစစ်ခေါင်းဆောင် ပရာယွတ် ချန်အိုချာ ကို ဝန်ကြီးချုပ်အဖြစ် တင်မြောက်မယ့် ဖလန်းဖရာချာရတ် ပါတီက ထောက်ခံမဲ ၉၃ ရာခိုင်နှုန်း (မဲ ၇.၆ သန်း ကျော်) ရရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

အရပ်သားအစိုးရကို အာဏာလွဲပြောင်းပေးရေးအတွက် ထိုင်းစစ်တပ်က ရေးဆွဲထားတဲ့ဥပဒေသစ်အောက် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၆၄ ရာခိုင်နှုန်းလာရောက်မဲပေးကြောင်း သိရပါတယ်။

မတ် (၂၄)ရက် တနင်္ဂနွေနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်တင်မြောက်မယ့် ဖလန်းဖရာချာရတ်ပါတီက ထောက်မဲအများဆုံးနဲ့ ပထမပြေးနေပြီး ဒုတိယအများဆုံးမဲအများဆုံးရတဲ့ပါတီ ကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှင်နာဝပ်ထွာရဲ့ ဖုယာထိုင်းပါတီက ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရဲ့ ထောက်ခံမှုကို အများဆုံးရရှိပြီး ဒုတိယနေမှာ ရှိနေကြောင်း သိရပါတယ်။
ရွေးကောက်ပွဲအပြီးမှာ ဖလန်းဖရာချာရတ်ပါတီ ခေါင်းဆောင် ဥတမာ ဆာဗာနာရာနာ ကရွေးကောက်ပွဲရလဒ်ကို အခုချိန်ထိတော့ ကျေနပ်ပါတယ်လို့ ပြောပေမယ့် ဖုယာထိုင်းပါတီ ခေါင်းဆောင်ကတော့ ဒီရွေးကောက်ပွဲဟာ ပုံမှန်မဟုတ်ဘူး။ စစ်ခေါင်းဆောင်တွေက ရွေးကောက်ပွဲအတွက် ငွေနဲ့အာဏာကို သုံးစွဲခဲ့ကြောင်း သတင်းဌာနတွေကို ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်က အောက်လွှတ်တော်အတွက် သက်ဆိုင်ရာပါတီများရရှိတဲ့ လွှတ်တော်အမတ်စာရင်း နှင့်အတူ မဲစာရင်းရလဒ်ကို (တနင်္လာနေ့) နေ့လည်ပိုင်းမှာ ကြေငြာဖို့အချိန် ရွှေ့ပြောင်းသတ်မှတ်လိုက်ပါတယ်။
ရွှေးကောက်ပွဲရလဒ် အပြည့်အစုံကို မေ (၉)ရက်နေ့ကို နောက်ဆုံးထားပြီး ကြေငြာမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
MDN
ကိုးကား - AFP