ကန်ကြီးထောင့် မေ ၁၈

 

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းက (၁/၂၀၂၆)သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်လှစ်သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးမျိုးမြင့်စိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းကို မေ ၁၈ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်းများဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သင်ခန်းစာများကို လေ့ကျင့်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။  

မိုးဟိန်းထက်