ရန်ကုန် မေ ၁၈

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၌ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ခရိုက္ခနိကျေးရွာ အရှေ့မြောင်းပေါ်တွင် တည်ဆောက်မည့် Check Gate နေရာအား မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(အင်းစိန်) ဦးဝင်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။

 

ဆက်လက်၍ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက Check Gate ဆောင်ရွက်ခြင်းကြောင့် ရေအရင်းအမြစ်နည်းပါသည့်အချိန်နှင့် စပါးပင်များ ရေအလွန်အမင်းလိုအပ်သည့်အချိန်တွင် မြောင်းအတွင်းရေကို ခေတ္တထိန်းသိမ်း သိုလှောင်ထားနိုင်သည့်အတွက် စပါးစိုက်တောင်သူများ ရေအလုံအလောက်ရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)