အုတ်တွင်း မေ ၁၈
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိထွန်းက အမှာစကားပြောကြားပြီး ဆပ်ပြာဆီပြုလုပ်နည်းအား လက်တွေ့သရုပ်ပြသပေးခဲ့သည်။
သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာဌေး၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ Woman Club အသင်းနာယကနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


