ပြည် မေ ၁၈
ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်သည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့် တာဝန်ရှိသူများက မှော်ဇာအုပ်စုရှိ ဟင်းသီးဟင်းရွက် တစ်အုပ်တစ်မ စိုက်ပျိုးထားရှိမှုနှင့် အီးအမ်ဘိုကာရှီ မြေဆွေးပုံများ ပြုလုပ်သုံးစွဲမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် ဓာတုဓာတ်မြေသြဇာ လျှော့ချသုံးစွဲရေးအတွက် သဘာဝမြေသြဇာများကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲတတ်စေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ကြရန် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝဏ္ဏထွန်း(ပြန်/ဆက်)


