နေပြည်တော် မေ ၁၈

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး သည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ် ဝမ်ဟကျေးရွာ၌ ဒေသထွက် အုတ်ကြွပ်အမိုးပြား ထုတ်လုပ်မှုဆိုင်ရာ သမဝါယမအသင်းသား အုတ်ကြွပ်ထုတ်လုပ်သူများ၊ ကျေးရွာသူ ကျေးရွာသားများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာ မိသားစုဝင်ငွေတိုးပွားရေး တည်ဆောက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး အုတ်ကြွပ်စက် စတင်လည်ပတ် နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ပြည်ထောင်စုရန်ပုံငွေမှ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)ဖြင့် ငွေကျပ်သိန်း ၁၅၀ ကို ကျေးရွာကော်မတီထံ လွှဲပြောင်းပေးအပ်သည်။

 

ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက် ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်