ကျောင်းကုန်း မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့၌ စားသုံးသူပြည်သူများ စားအုန်းဆီကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရန် အမှတ်(၂)ရပ်ကွက် မီးသတ်ရုံးအနီး၌ ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။
အဆိုပါ စားအုန်းဆီရောင်းချပေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်း တို့က စားအုန်းဆီ ပိဿာ ၃၃၀ ကို အိမ်ထောင်တစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


