အင်္ဂပူ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၆ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေ ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကား ပြောကြားပြီး မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဦးရည်မွန်က ချေးငွေစည်းကမ်းများအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဒယ်ပုတ်ကွင်းရွာအုပ်စုရှိ တောင်သူများထံသို့ စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)


