ရန်ကုန် မေ ၁၈
ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ၌ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က အမှာစကားပြောကြားပြီး မြို့နယ် စီမံကိန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သီတာသိန်းဆွေက ဒေသန္တရစီမံကိန်းတာဝန် ပေးအပ်ခြင်းအကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့နောက် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား လုပ်ငန်း တာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


