ဝေါ မေ ၁၉

 

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ် မြို့နယ်စည်ပင်သာယာစျေးရှေ့နှင့် အခြေခံပညာအထက်တန်းကျောင်း (ဝေါအရှေ့) ၌ ဆောင်ရွက်သည်။

 

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်လှကြူမာနှင့် ဆရာ ဆရာမများ၊ တာဝန်ရှိသူများက အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)