စဉ့်ကူး မေ ၁၉

 

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင် ရေးနှိုးဆော်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မန္တလေး-စဉ့်ကူး-ရွှေဘိုကားလမ်းဆုံတွင် ဆောင်ရွက်သည်။

 

အဆိုပါ လက်ကမ်းစာစောင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ခရီးသွားပြည်သူများ၊ စျေးရောင်း စျေးဝယ်လာကြသူများနှင့် ဒေသခံပြည်သူများထံသို့ စောင်ရေ ၅၀၀ ခန့်အား ပေးဝေခဲ့သည်။

 

တင်ဇာလွင်(ပြန်/ဆက်)