တောင်ကြီး မေ ၁၉

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့ နောင်လေကျေးရွာအုပ်စု မဲတောင်းကျေးရွာရှိ တောင်ကြီးကွန်ပျူတာတက္ကသိုလ် LAB ခန်းမ၌ ကျင်းပသော အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၉) ကြိမ်မြောက် ကွန်ပျူတာပန်းချီပြိုင်ပွဲသို့ ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

 

ပြိုင်ပွဲကို အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူလေးဦး၊ အလယ်တန်းအဆင့် ၂၂ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့်ကျောင်းသား ကျောင်းသူ များအား ဇွန် ၂၆ ရက်တွင် ကျင်းပမည့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

မောင်မောင်သန်း (တောင်ကြီး)