ရွှေဘို မေ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးရေး‌ အသိပညာပေးဆွေးနွေးပွဲကို မေ ၁၈ ရက်က ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ ပြုလုပ်သည်။

 

အသိပညာပေး ပြောကြား

ဦးစွာ ရွှေဘိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်က အမှာစကား ပြောကြားပြီး ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဇာဇာမင်းက ဘုတ်ကုန်းကျေးရွာရှိ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ဝါစိုက်ပျိုးကြသော တောင်သူများအား သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးစေရန်အတွက် ပျားမွေးမြူရေးနှင့် တွဲဖက်ဆောင်ရွက်ရန် အသိပညာပေး ပြောကြားသည်။

 

ထို့နောက် ရွှေဘိုခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ နေကြာမျိုးစေ့၊ ဝါမျိုးစေ့နှင့် ရွှေဘိုပေါ်ဆန်းမျိုးစေ့များကို ဘုတ်ကုန်းကျေးရွာရှိ အကျိုးဆောင်တောင်သူများအား အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)