နေပြည်တော် မေ ၂၀
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် မေ ၁၈ ရက်က မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံခရိုင် အတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင် ပင်မဓာတ်အားခွဲရုံနှင့် အောင်ပင် လယ် ပင်မဓာတ်အားခွဲရုံတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းထိန်းသိမ်းရေး လုပ်ငန်းများကို အမြဲမပြတ် စစ်ဆေးစောင့်ကြည့် ဆောင်ရွက်သွားကြရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် ဓာတ်အားသုံးစွဲသူပြည်သူများသို့ ကြိုတင်အသိပေးသွားကြရန် မှာကြားသည်။
အလားတူ မေ ၁၇ ရက်ကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါ ၆၆/၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံပျက်စီးမှုနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ သီပေါမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၊ ကျောက်မဲမြို့နယ် ၃၃/၁၁ ကေဗွီ ပန်းပေါင်းဓာတ်အား ခွဲရုံနှင့် ၃၃/၁၁ ကေဗွီစခန်းသာ ဓာတ်အားခွဲရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


