လွိုင်လင် မေ ၂၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် လွိုင်လင်မြို့နယ် ဦးစီးမှူးရုံးတွင် မေ ၁၆ ရက် နံနက်ပိုင်းက ပန်မုန့်‌ကျေးရွာအုပ်စုနှင့် ပန်ဝိုးကျေးရွာအုပ်စုတို့မှ ပြည်သူ ၇၉ ဦးအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်‌များ ဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ပေးနေမှုကို ရှမ်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းနှင့် လွိုင်လင်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်တို့က ကြည့်ရှုအားပေးပြီး နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို ပြည်သူများလက်ဝယ်သို့ နေ့ချင်းပြီး ပေးအပ်ခဲ့ကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)