မင်းဘူး မေ ၂၀
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ကျေးရွာမြေတိုင်းတာခြင်းလုပ်ငန်းကို မေ ၁၅ ရက် နံနက်ပိုင်းက ကြာကန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြေပြင်ကွင်းဆင်းတိုင်းတာရေးအဖွဲ့များက ကြာကန်ကျေးရွာ၌ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ကျေးရွာနယ်နိမိတ်မှတ်တိုင် စိုက်ထူပြီး ကျေးရွာအတွင်း အိမ်ဝိုင်းနယ်နိမိတ်များအား Total Station (Horizon) ဖြင့် မြေတိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
သွားရောက်ကြည့်ရှု
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်မြေစာရင်းဦးစီးမှူးတို့က သွားရောက်ကြည့်ရှု၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


