ဂျီနီဗာ   မေ   ၂၁

ကမ္ဘာ့နိုင်ငံများရှိ အီဘိုလာရောဂါဖြစ်ပွားမှုသည် အမျိုးသားအဆင့်နှင့် ဒေသအဆင့်တွင်ရှိပြီး ကပ်ရောဂါဆိုင်ရာအရေးပေါ်အခြေအနေမဟုတ်ကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ယူဂန္ဓာနိုင်ငံတို့တွင် အီဘိုလာကူးစက်မှုအခြေအနေသည်  နိုင်ငံတကာစိုးရိမ်မှုရှိသော ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်သော်လည်း ကပ်ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေမဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ ဂါဘရီယီဆက်က ပြောကြားသည်။

ယခုအချိန်အထိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမြောက်ပိုင်း Ituri နှင့် မြောက်ပိုင်း Kivu ပြည်နယ်တို့တွင် ကူးစက်မှု ၅၁ ခုကို အတည်ပြုထားပြီးဖြစ်ကြောင်း ၎င်းကပြောကြားသည်။

သေဆုံးမှုများ ထပ်မံမဖြစ်ပွားစေရေးအတွက်  ထိရောက်သည့်  နိုင်ငံတကာတုံ့ပြန်မှုကို  ချက်ချင်းဆောင်ရွက်ရန် အရေးတကြီးလိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ရောဂါကူးစက်မှုများတွေ့ရှိသည့် ကမ္ဘာ့နိုင်ငံများတွင်  အီဘိုလာရောဂါကာကွယ်ရေးဆောင်ရွက်ရန်  လိုအပ်သည့် ပစ္စည်းကိရိယာများနှင့် ရန်ပုံငွေများပေးအပ်ထားကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ