ဥတ္တရသီရိ မေ ၂၁

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အိမ်ခြံဝင်း(Home Gardening) စိုက်ပျိုးရန်အတွက် ပျိုးပင်များ ကျေးရွာများရှိ ပြည်သူများသို့ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက မင်းကုန်း‌ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည်။

 

ဦးစွာ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးထိန်လင်းဟန်နှင့် ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းတို့က ပျိုးပင်များ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပျိုးပင်များကို ကျေးရွာနေပြည်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)