မေ ၂၂
ဂျပန်နိုင်ငံသို့ အာရပ်စော်ဘွားများပြည်ထောင်စုမှ ရေနံစိမ်းတင်ဆောင်လာသော ရေနံတင်သင်္ဘော တစ်စင်းသည် အခြားရေနံထုတ်လုပ်သည့်နိုင်ငံများနှင့် ပူးတွဲသိုလှောင်ထားသော ရေနံသိုလှောင်မှုကို ပြန်လည်ဖြည့်တင်းရန် ရောက်ရှိလာခဲ့သည်။
အရှေ့အလယ်ပိုင်းအခြေအနေဆိုးရွားလာနေချိန်တွင် ရေနံများစတင်ထုတ်လွှတ်ချိန်မှစတင်ကာ ပထမဆုံးအကြိမ် ပြန်လည်ဖြည့်တင်းခြင်းဖြစ်သည်ဟု ဂျပန်အစိုးရက ဆိုသည်။
အဆိုပါရေနံတင်သင်္ဘောသည် နိုင်ငံအနောက်တောင်ပိုင်း ကာဂိုရှီးမားစီရင်စုရှိ အီနီးယို့စ် ကီရီ အခြေစိုက်စခန်းသို့ ယနေ့နံနက်တွင် ရောက်ရှိခဲ့သည်။
ယူအေအီး၊ ဆော်ဒီအာရေဗျနှင့် ကူဝိတ်နိုင်ငံတို့သည် ဂျပန်နိုင်ငံတွင် ရေနံစိမ်းသိုလှောင်ခွင့်ပြုထားပြီး ယင်း ပူးတွဲသိုလှောင်မှုအစီအစဉ်သည် အရေးပေါ်အခြေအနေများတွင် ဂျပန်ကုမ္ပဏီများအား ရေနံဝယ်ယူခွင့်ကို ဦးစားပေးထားသည်ဟု သိရသည်။
မတ်လနှောင်းပိုင်းကစပြီး အရန်သိုလှောင်မှုများကို အသုံးပြုလာခဲ့ရာ ခြောက်ရက်စာ သုံးစွဲမှုပမာဏမှ တစ်ရက်စာအထိ သိုလှောင်မှုကို လျှော့ချနိုင်ခဲ့ကြောင်း စက်မှုဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ရေနံကိုပြန်လည်ဖြည့်တင်းရန်အတွက် နောက်ထပ် တစ်ရက်စာ သုံးစွဲနိုင်မည့် ပမာဏကို ထပ်မံယူဆောင်လာကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သော်လည်း မည်သည့်အချိန်၊ မည်သည့်အခြေအနေများတွင် ရေနံထုတ်လွှတ်မည်ကို မဆုံးဖြတ်ရသေးကြောင်း ဖော်ပြထားသည်။
ဂျပန်နိုင်ငံသည် အမျိုးသား ရေနံအရန်သိုလှောင်မှုများနှင့် ပုဂ္ဂလိကကဏ္ဍ သိုလှောင်မှုများကိုလည်း အသုံးပြုလျက်ရှိသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


