မကွေး မေ ၂၃
၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူ တာပန်းချီပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက မကွေးမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို မွန်းလွဲပိုင်းက ကွန်ပျူတာတက္ကသိုလ်(မကွေး)၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ သွားရောက်ကြည့်ရှု အားပေးသည်။
အဆိုပါ ပြိုင်ပွဲကို မကွေးတိုင်း ဒေသကြီးအတွင်းရှိ မကွေးခရိုင်နှင့် မင်းဘူးခရိုင်မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၉၃ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို ဇွန် ၂၆ ရက်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


