ပုသိမ် မေ ၂၅

 

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပုသိမ်ခရိုင်ဘဏ်ခွဲက မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ ကျေးရွာများအား ထုတ်ချေးပေး လျက်ရှိသည်။ ထိုသို့ ထုတ်ချေးပေးရာတွင် တိုင်းဒေသကြီး မန်နေဂျာ ဦးဝင်းနိုင်က ချေးငွေ စည်းကမ်းချက်များ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းတာဝန်ခံ ဦးသန်းထွန်းက အာမခံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက ရှမ်းကွင်းကျေးရွာအုပ်စု၊ ကွင်းပေါက်ကြီးကျေးရွာအုပ်စုနှင့် ရွှေသောင်ယံကျေးရွာအုပ်စုတို့မှ တောင်သူ ၁၀၁ ဦး၏ စိုက်ပျိုးမြေ ၇၅၁ ဧကအတွက် တစ်ဧကလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ငွေကျပ် ၂၂၅၃ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)