ဒီးမော့ဆို ၂၅ မတ်
ကယားပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သော (၆၁)ကြိမ်မြောက် စုပေါင်းကေ့ထျိုးဘိုး(ခ)ဂန်းခွမ့်တံခွန်တိုင်ပွဲ တော်ကို ဧပြီ ၅ ရက်မှ ၉ ရက်အထိ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ဒေါခလိုက်လင်းကျေးရွာတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ပွဲတော်အတွင်း ကယားလူမျိုးများ၏ ကိုးကွယ်ယုံကြည်မှုများနှင့် ကေ့ထျိုးဘိုး စိုက်ထူရန်ဆောင်ရွက်မှု အဆင့်ဆင့်ကို စိတ်ဝင်စားဖွယ် တွေ့ရှိလေ့လာနိုင်မည်ဖြစ်သောကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ သွားရောက်လေ့လာ လည်ပတ်နိုင်ပါကြောင်း သိရသည်။

MDN
