ဒလ မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် ခရိုင်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်တို့က အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဒလမြို့နယ် လူရည်ချွန်ကျောင်းသား မောင်ဇွဲခန့်လွင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲရင့်သူ(ပြန်/ဆက်)


