နေပြည်တော် ၂၅ မတ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် စင်ကာပူနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာန၏ Senior Minister ဖြစ်သူ Mr. Edwin Tong တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး၌ တွေ့ဆုံကြ သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ - စင်ကာပူ နှစ်နိုင်ငံအကြားဆက်ဆံမှု ပိုမိုရှင်သန်ခိုင်မာရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ပြည်ပ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာသည့်အလျောက် ကြုံတွေ့လာရမည့် အငြင်းပွားမှုများအား ဖြေရှင်းရာတွင် ဥပဒေနှင့် တရားစီရင်ရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် နည်းပညာအကူအညီများ၊ သင်တန်းများ ပံ့ပိုးပေးသွားရေးတို့ကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


