နေပြည်တော် မေ ၂၇

 

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်အဖြစ် အမှတ် (၃) အဆန်/ အမှတ် (၄) အစုန်နှင့် အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားများအား ၂၀၂၆ ခုနှစ် မေလအတွင်း စတင်ပြေးဆွဲပေးခဲ့ပြီး ခရီးသည်များကြိုက်နှစ်သက်၍ စီးနင်းမှုများသောကြောင့် အမှတ် (၉) အဆန်/ အမှတ် (၁၀) အစုန်လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထား အား ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှ စတင်၍ အောက်ပါအချိန်ဇယားအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်-

mdn

 

အထက်ပါ တိုးချဲ့ပြေးဆွဲမည့် အမှတ် (၉) အဆန်/ အမှတ် (၁၀) အစုန်ရထားသည် ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တစ်လျှောက်တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည် ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ယခင်အတိုင်း ခရီးစဉ် အစအဆုံး အထက်တန်း ကျပ် ၄၈၀၀၀နှင့် ပထမတန်း ကျပ် ၃၄၀၀၀ တို့ ဖြစ်သည်။

 

ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း အထက်ဖော်ပြပါ လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများအပြင် လေအေးပေးစက်ပါ အထက်တန်းလူစီးတွဲ နှစ်တွဲပါရှိသော လေအိတ် ရထားဖြစ်သည့် အမှတ် (၁၁) အဆန်/ အမှတ် (၁၂) အစုန် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ရထားများ ပြေးဆွဲလျက်ရှိပြီး ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်အား လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန် ရထားများဖြစ်သော အမှတ် (၇) အဆန်/အမှတ် (၈) အစုန်နှင့် အမှတ် (၃၁) အဆန်/ အမှတ် (၃၂) အစုန်ရထားများ ပြေးဆွဲပေးလျက်ရှိသည်။ 

 

အဆိုပါရထားများ၏ ထိုင်ခုံလက်မှတ်များအား Online Railways Ticketing and Payment (ORTP) စနစ်တွင် အွန်လိုင်းမှ ကြိုတင်၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးဘူတာများအတွက် ၇ ရက်နှင့်ကြား ဘူတာများအတွက် ၅ ရက် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

အလားတူ ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်း ပဲခူး-ရန်ကုန်-ပဲခူး ခရီးစဉ်အဖြစ် လေအေးပေးစက်ပါ ခေတ်မီ DEMU ရထားဖြစ်သည့် အမှတ် (၁၅) အဆန်/ အမှတ် (၁၆) အစုန်ရထားနှင့် RBE ခရီးတို ရထားများဖြစ်သော မန္တလေး-သာစည်-မန္တလေးခရီးစဉ်အဖြစ် အမှတ် (သ-၃၀၁) အဆန်/ (သ-၃၀၂) အစုန်၊ သာစည် - နေပြည်တော်-သာစည် ခရီးစဉ်အဖြစ် အမှတ် (သ-၄၀၁) အဆန်/ (သ-၄၀၂) အစုန်၊ နေပြည်တော်-တောင်ငူ-နေပြည်တော် ခရီးစဉ်အဖြစ် အမှတ် (သ-၅၀၁) အဆန်/ (သ-၅၀၂) အစုန်နှင့် တောင်ငူ- ပဲခူး-တောင်ငူ ခရီးစဉ်အဖြစ် အမှတ် (သ-၆၀၁) အဆန်/(သ-၆၀၂) အစုန်ရထားများအား ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

သတင်းစဉ်