ရန်ကုန် မေ ၂၇

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများက ဘင်ခရာတီးဝိုင်းနှင့် ပန်းဖွားအကတို့ဖြင့် ကြိုဆိုကပြကြသည်။

 

ရှင်းလင်းပြောကြား

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့အောင်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

 

ဆက်လက်၍ နိုင်ငံတော်မှပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ် YMBA အသင်းတို့မှ ပေးအပ်သော ဗလာစာအုပ်များ၊ ကိုယ်ပိုင်ကျောင်းများမှ လှူဒါန်းသော ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံများအား တာဝန်ရှိသူများက ပေးအပ်ရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ ဆရာမကြီးများက လက်ခံရယူပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သက်လွင်စိုး (ပြန်/ဆက်)