ဟင်္သာတ မေ ၂၈

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ဓာတ်မြေဩဇာ လျှော့ချသုံးစွဲရေး တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦလှိုင်ထွန်းက အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှကြည်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေးတာဝန်ခံ ဦးထင်ကျော်ဦး၊ ဒေါက်တာခင်လဲ့ဦး၊ မျိုးစေ့တာဝန်ခံ ဒေါက်တာပန်းအိဖြူနှင့် သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မြင့်မြင့်နွယ်တို့က ဓာတ်မြေဩဇာလျှော့ချသုံးစွဲရေး အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)