လက်ပံတန်း မေ ၂၈
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ကွမ်းခြံကျေးရွာအုပ်စု ကျောင်းစုကျေးရွာ၌ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့နှင့် ကျေးရွာအဆင့်လုပ်ငန်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်က ကျေးရွာမြေငှားဂရန်ရရှိရေး ဆောင်ရွက်ပေးမည့် အခြေအနေနှင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းဦးက ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းစုကျေးရွာရှိ အိမ်ခြေများအား ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


