ရန်ကုန် မေ ၂၈

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရိပ်သာရပ်ကွက် ရန်ကင်း(၃)လမ်း၌ ၂၀၀ ကေဗွီအေ ထရန်စဖော်မာအသစ်တစ်လုံး တည်ဆောက်ခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း ပေ ၇၀၀ နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းပေ ၅၀၀ ဆွဲခြင်းလုပ်ငန်းများ ပြီးစီး၍ ဖွင့်ပွဲအခမ်းအနား ကို မေ ၂၂ ရက်က ကျင်းပသည်။

 

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ လှည်းကူး ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ လှည်းကူးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးအောင်မျိုးနိုင်နှင့်  ဦးကျော်မင်းထွန်း၊ ရပ်/ကျေးအဖွဲ့များ၊ မီးသုံးစွဲသူပြည်သူများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

 

ချစ်ဆောင်