နေပြည်တော် ၂၆ မတ်
၂၀၁၉ ခုနှစ်၊ မတ် ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် (ဝ၂)နာရီ၊ (၃၄)မိနစ်၊ (၄၆)စက္ကန့် အချိန်တွင် သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၁၀ဝ)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကွမ်းလုံမြို့၏ အနောက်-အနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃ ဒသမ ၄၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈ ဒသမ ၅၉) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN