လွိုင်ကော် မေ ၂၈

 

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ ဥပဒေအရာရှိများ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လုပ်ငန်းလမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ကယားပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်နယ်ဥပဒေချုပ် ဦးဝင်းနိုင်က ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယဥပဒေချုပ်တို့၏ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းပြီး ပြည်နယ်ဥပဒေအရာရှိ ဦးကျော်မင်းနိုင်က ဥပဒေရေးရာဝန်ကြီးဌာနမှ အရာရှိကြီးများ၏ လုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းသည်။

 

ထို့နောက် ပြည်နယ်ဥပဒေချုပ်ရုံးအနေဖြင့် တရားဥပဒေစိုးမိုးမှုရရှိစေရေး၊ နိုင်ငံသားတိုင်း ဥပဒေ၏အကာအကွယ်ကို အညီအမျှရရှိစေရေးနှင့် ဥပဒေအသိပညာရရှိစေရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများကို ဆွေးနွေးကြပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများက အသီးသီးတင်ပြရာ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိတို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 

 

 မေစု(ပြန်/ဆက်)