ကျိုက်မရော  ၂၆  မတ်  


မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကတုံစိကျေးရွာ ပရဟိတ လူငယ်များ အဖွဲ့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ချက်ဖြင့် လူငယ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ရွှေဝါချောင်ကျေးရွာ လူငယ်စာဖတ်ခန်း၌ ပြုလုပ်ခဲ့သည်။


လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် ရွှေဝါချောင်ကျေးရွာပရဟိတ လူငယ်များအဖွဲ့မှ စာပေချစ်သူ မင်းညီညီထွန်းက စာရေးဆရာမ (မေသင်္ကြန်ဟိန်) မြစ်မခ၏ “ဘာပဲဖြစ်ဖြစ် အပြုံးနဲ့ရင်ဆိုင်ပါ” စာအုပ်ကို ဖတ်ကြား၍ မိပန်းအိဖြူက စာရေးသူ(မိုးရှင်းIMT)၏ “သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့” စာအုပ်အား ဆွေးနွေးခဲ့ကြသည်။


“အခုလို စာအုပ်စာပေများနဲ့ အလှမ်းဝေးခဲ့တဲ့ ကျွန်တော်တို့ ကျေးရွာက လူငယ်များကို ဗဟုသုတများ ရရှိစေရန် စာဖတ်ဝိုင်း ပြုလုပ်ပေးတာကို များစွာကျေနပ် အားရမိပါတယ်” ဟု ကျေးရွာလူငယ်ခေါင်းဆောင် ဦးမင်းမင်းထိုက်က ပြောသည်။


ယနေ့ပြုလုပ်သော လူငယ်စာဖတ်ဝိုင်းသို့ ရွှေဝါချောင်ကျေးရွာနှင့် ကတုံစိကျေးရွာမှ လူငယ်များ စုစုပေါင်း ၃၈ ဦးတက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN

 

1