ဘားအံ ဇွန် ၃
ဘားအံမြို့နယ်အတွင်းရှိ မိုးစပါးထွန်ယက်စိုက်ပျိုးကြမည့် တောင်သူလယ်သမားများ မိုးစပါးထွန်ယက်နိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စိုက်ပျိုးတောင်သူများ လက်ဝယ်အရောက် စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ အမှတ်(၈) ရပ်ကွက်ရှိ ချောစုဆီဆိုင်၌ စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
ထိုသို့ ဖြန့်ဖြူးရောင်းချပေးရာတွင် တောင်သူတစ်ဦးလျှင် စက်သုံးဆီ ငါးဂါလန်နှုန်းဖြင့် ကျေးရွာပေါင်း ၂၀ မှ တောင်သူ ၄၀၀ ၏ စိုက်ဧက ၁၀၀၀ အတွက် စက်သုံးဆီ ဂါလန် ၂၀၀၀ကို ဖြန့်ဖြူးရောင်းချ ပေးခဲ့သည်။
ယနေ့အထိ စက်သုံးဆီ ဒီဇယ်၊ ဓာတ်ဆီဂါလန် စုစုပေါင်း ၈၆၀၀ ကျော်ကို တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


