တောင်ကြီး ဇွန် ၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်ရှိ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲကို ဟဲကယ်ကျေးရွာ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ရှမ်းပြည်နယ် သမဝါယမဦးစီးဌာနဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်း ငါးသင်းမှ မိုးစပါး စိုက်ဧက ၁၆၄၀ အတွက် ငွေကျပ် သိန်း ၄၁၀၀ နှင့်ညီမျှသော သွင်းအားစုများအား သမဝါယမအသင်းသား တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝိုးတောင်း