တောင်တွင်းကြီး ဇွန် ၃

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး မြို့နယ်၌ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုများအလိုက် မေ ၁၂ ရက်မှစတင်၍ မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိသည်။

 

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး နောက်ဆုံး သတ်မှတ်ရက်တွင် အရင်းနှင့်တကွ ကျသင့်သည့် အတိုးကို ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။

 

တောင်တွင်းကြီး မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၀ စုမှ တောင်သူ ၇၆၇ ဦးအား ထုတ်ချေးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)