ရွှေဘို ဇွန် ၃

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်း၌ သင်တန်းသား သင်တန်းသူ ၅၀ တို့အား သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းနှင့် သစ်လွင်သူနာပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးခြင်း အခမ်းအနားကို ဇွန် ၁ ရက်က သူနာပြုသင်တန်းကျောင်း သပြေညိုခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Virtual Zoom ဖြင့် အမှာစကား ပြောကြားပြီး ရွှေဘိုပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မောင်က သစ်လွင်သူနာပြုများအား အမှာစကားပြောကြားသည်။

 

ခန့်အပ်လွှာများ ပေးအပ်

ထို့နောက် တာဝန်ရှိသူများက သစ်လွင်သူနာပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာများကို ပေးအပ်ပြီး သစ်လွင်သူနာပြု ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ထွန်းခိုင်(ပြန်/ဆက်)