မင်းလှ ဇွန် ၃
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ဥတိုကျေးရွာ၌ ကျေးရွာမြေငှား ဂရန်ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့နှင့် ကျေးရွာအဆင့်လုပ်ငန်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ထူးက ကျေးရွာမြေငှားဂရန် ရရှိရေးဆောင်ရွက်ပေးမည့်အခြေအနေနှင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုပြောကြားပြီး မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးသီဟထက်အောင်က ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဥတိုကျေးရွာရှိ အိမ်ခြေများအား ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် တိုင်းတာခြင်းလုပ်ငန်းများ၊ မြေကြီးမြေပုံ ကိုက်ညီမှန်ကန်မှုရှိ၊ မရှိ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)


