ဝိုင်းမော် ဇွန် ၃

 

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ဒေသခံတောင်သူများအား စိုက်ပျိုးရေးနည်းပညာ အသိပညာပေးဟောပြောပွဲနှင့် သွင်းအားစု (အခမဲ့)ပေးအပ်ပွဲကို ယ‌‌နေ့နံနက် ၉ နာရီက မိုင်းနားကျေးရွာရပ်ကွက် (၃) ရွှေနဒီခန်းမ၌ ကျင်းပသည်။

 

ဦးစွာ စိုက်ပျိုး‌ရေးဦးစီးဌာန မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးမင်းဆွေက အမှာစကားပြောကြားပြီး ကချင်ပြည်နယ်အတွင်း အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ဖွင့်လှစ်မည့် အခြေအနေများကို ရှင်းလင်းပြောကြားကာ ခရိုင်တာ၀န်ခံအရာထမ်းများက ဓာတ်မြေသြဇာလျှော့ချသုံးစွဲခြင်း၊ မျိုးစေ့ထုတ်လုပ်ငန်းများနှင့် ပိုးသတ်‌ဆေးစနစ်တကျ ကိုင်တွယ်အသုံပြုတတ်‌စေသည့် နည်းပညာများအသိပေးခြင်းကို ဆောင်ရွက်သည်။

 

ထို့နောက် ခရိုင်ဦးစီးမှူး ဦးမင်းဆွေက တက်ရောက်လာသည့် တောင်သူများနှင့် သင်တန်းကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများအား အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်ဦးစီးအရာရှိ ဦးသန်းနိုင်ဦးက တက်ရောက်လာသည့် တောင်သူများအား ဓာတုဆေးလျှော့ချပြီး သဘာဝဖျန်းမြေဩဇာဖြင့် ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံစိုက်ပျိုး ထုတ်လုပ်ရန် သွင်းအားစုများအား (အခမဲ့)ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူစင်