လွိုင်လင် ဇွန် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ပင်လုံမြို့ ဆဟောင်းကျေးရွာအုပ်စု ကိုးနဝင်းတောင်တော် ရွှေစာရံဆုတောင်းပြည့်စေတီတော်ဓမ္မာရုံ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့ ပူပေါင်း၍ အစားထိုးသီးနှံ နှစ်ရှည်ပင်ပျိုးပင်များပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ PNA ဌာနေ ပြည်သူ့စစ်တာဝန်ခံ၊ သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်တို့က အမှာစကားပြောကြားသည်။ ယင်းနောက် အရိပ်ရနှစ်ရှည်ပင်ဖြစ်သည့် ခါတော်မီပျိုးပင်၊ ကော်ဖီပျိုးပင်နှင့် ထောပတ်ပျိုးပင်တို့ကို တာဝန်ရှိသူများက ပေးအပ်ကြရာ ကျေးရွာရှိတောင်သူများက လက်ခံရယူကြသည်။ ပျိုးပင်ပေးအပ်ရာတွင် ခါတော်မီ ပျိုးပင် ၅၀၀၀၊ ကော်ဖီ ပျိုးပင် ၁၀၀၀၀၊ ထောပတ်ပျိုးပင် ၁၅၀ နှင့် ရွက်ဖျန်းအားဆေးတို့ကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး


