မူဆယ် ဇွန် ၄

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့နှင့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မြန်မာ-တရုတ် ကလေးငယ်များ၏ ဂေဟစနစ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆိုင်ရာ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။

 

မှတ်တမ်းဗီဒီယိုပြသ

အခမ်းအနားတွင် မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက အမှာစကားပြောကြားပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မြန်မာ-တရုတ် ကလေးငယ်များ၏ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆိုင်ရာ ပန်းချီပြိုင်ပွဲနှင့် ချစ်ကြည်ရေးခရီးစဉ် မှတ်တမ်းဗီဒီယိုကို ပြသသည်။

 

ဆက်လက်၍ ပြိုင်ပွဲတွင် ပထမဆု သုံးဆု၊ ဒုတိယဆု ခြောက်ဆု၊ တတိယဆု ကိုးဆုနှင့် ထူးချွန်ဆု ၁၂ ဆု ရရှိသူတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

 

အခမ်းအနားအပြီးတွင် ပြိုင်ပွဲ၌ ဆုရရှိကြသော ပန်းချီကားများကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)