ရပ်စောက် ဇွန် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒေသကြက်များ ပေးအပ်ပွဲကို ဇွန် ၁ ရက်က လွယ်ကိုးကျေးရွာအုပ်စု နောင်ဖန်ကျေးရွာဓမ္မာရုံ၌ ပြုလုပ်သည်။
ဦးစွာ ရပ်စောက်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမင်းဇော်က ဒေသကြက်ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး နောင်ဖန်ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက နောင်ဖန်ကျေးရွာရှိ အိမ်ထောင်စုခြောက်စုအတွက် ဒေသကြက်ကောင်ရေ ၃၀ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


