နေပြည်တော် ဇွန် ၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး Mr.Alexander Sergeevich Shatirov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention and Exhibition Centre ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဓာတ်သတ္တုတူးဖော်ရေးကဏ္ဍနှင့် အခြားကဏ္ဍများ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်


